မြန်မာ sex
Would you like to react to this message? Create an account in a few clicks or log in to continue.

ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ...

2 posters

Go down

ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ... Empty ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ...

Post  kaunglay Thu Apr 21, 2011 10:43 am

ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ...


အမျိုးသားများ လိင်ဆက်ဆံရန်အတွက် ကာမဆန္ဒ ရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်း သည် သံသယ ဖြစ်စရာ မလိုသော အားအင် ကုန်ခမ်းမှု တစ်မျိုး ဖြစ်ပြီး လိင်ဆက်ဆံစဉ်တွင် နှစ်ဦးစလုံး ကောင်းမွန်ပြီးမြောက် နိုင်လောက်အောင် လိင်တံ တောင့်တင်း မာကျောမှု မရှိခြင်းကလည်း စိတ်ပျက်စရာ တစ်ခုပင် ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်နေခြင်းမှာ အမျိုးသားများ အနေဖြင့် လိင်ဆက်ဆံလိုစိတ် မရှိခြင်းကြောင့် မဟုတ်ဘဲ အခြားသော စိတ်ခံစားမှုများရောပြွန်း နေခြင်း ဆက်ဆံမည့် အဖေါ်၏ ဆန္ဒကို အလွန်အမင်း စိုးရိမ်နေခြင်း မိမိခန္ဓာကိုယ်အပေါ် အာရုံစူးစိုက်နိုင်မှု မရှိတော့ခြင်း တို့ကြောင့် ဖြစ်သည်။ အမျိုးသား အနေဖြင့် လိင်ဆက်ဆံဖေါ်၏ စိတ်ခံစားမှု အနိမ့်အမြင့်သည် လိင်ဆက်ဆံမှု စတင်ရန်အတွက် ဆက်ဆံရေး တစ်ခု ထူထောင်နေရခြင်းသည် နှစ်ဦးစလုံး အတွက် ကြီးမားသော အဟန့်အတားကြီး တစ်ခု ဖြစ်နေခြင်းလည်း ပါဝင်သည်။

ပထမအဆင့် အနေဖြင့် ကြုံတွေ့နေရသော ပြဿနာများကို ပြေလည်စေရန်အတွက် အကောင်းဆုံး အဆင့် တစ်ဆင့်မှာ အမျိုးသားအနေဖြင့် လိင်ဆက်ဆံဖေါ်ကို မိမိ၏တွေ့ ကြုံနေရသော ပြဿနာများကို ပွင့်လင်း ရိုးသားစွာ ပြောဆိုတိုင်ပင်ရန် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် ဆွေးနွေးတိုင်ပင်မှု အတွက်၎င်း၊ သူ၏ အခက်အခဲများ အတွက်၎င်း ပွင့်လင်းစွာ ၀န်ခံပြောဆိုရန် အခက်အခဲရှိနေပေလိမ့်မည်။ သို့ပါသော်လည်း အမျိုးသမီးများသည် ထိုကဲ့သို့ တိုင်ပင်ဆွေးနွေးလာ မှုများအပေါ် အလွန်နားလည် ပေးနိုင်သော သဘောထားများ ပင်ကိုယ်စရိုက်အတွင်း ရှိပြီးသား ဖြစ်သည်ကို မေ့ထား၍ မရသင့်ပေ။

အခါအခွင့်သင့်ပါက သူမ၏ ၀ိုင်းဝန်း အဖြေရှာမှုဖြင့် ပြန်လည်ကောင်းမွန် လာသော လိင်ဆက်ဆံမှု အနေအထားကို ရောက်ရှိမည့်အပြင် အမျိုးသား၏ အခက်အခဲ အချို့ကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ပေသည်။ လိင်မှု ကိစ္စကို အတူတကွ ဆောင်ရွက်မည့် သူများအနေဖြင့် တစ်ဦး၏ စိုးရိမ်ထိတ်လန့်မှုကို တစ်ဦးက အားပေး နှစ်သိမ့်မှုများဖြင့် မျှဝေခံစားမှုများသည် အလွန်ထိရောက်သော ကုသနည်းများပင် ဖြစ်သည်။ လိင်တံတောင့်တင်းလာစေရန် အတွက်လည်း အကောင်းဆုံး အသေချာဆုံးနှင့် အမှန်ကန်ဆုံးသော ဖြေ၇ှင်းနည်းမှာလည်း မိမိကိုယ်တိုင် တစ်ကိုယ်တည်း ကြိတ်၍ ရင်ဆိုင်ခြင်းထက် ယခုကဲ့သို့ ပွင့်လင်းစွာ ဖြေရှင်းခြင်းကသာ ပိုမိုသင့်လျော် ပေသည်။

တစ်ခါတစ်ရံ လိင်တံတောင့်တင်းခြင်း မရှိသည့် အခိုက်အတန့်လေးများ ကြုံတွေ့ရပါက ကြီးမားသော ကိစ္စတစ်ခုဟု သတ်မှတ်ခြင်း မပြုဘဲ ရိုးရှင်းစွာ လက်ခံပေးပြီး မိမိနှင့် ဆက်ဆံမည့် အမျိုးသမီးနှင့်လည်း ပွင့်လင်းစွာ ကျေနပ်ခြင်း/ မကျေနပ်ခြင်းကို ဆွေးနွေးမှု ပြုလုပ်သင့်သည်။ တောင့်တင်း လာခြင်း မရှိသော လိင်တံကို အတင်းအဓ္ဓမ ဆက်ဆံမှု တစ်ခုပြီးမြောက်စေရန် ကြိုးစားခြင်းမျိုး မဆောင်ရွက်သင့်ပေ။ ယခုကဲ့သို့ ဆိုလိုခြင်းမှာ လိင်ဆက်ဆံမှုကို လုံးဝ စွန့်လွှတ်ရမည်ဟု ရည်ရွယ်ခြင်းမျိုး မဟုတ်ဘဲ အခြားသင့်တော်မည့် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် လိင်စိတ်နိုးကြား လာအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် နမ်းရှုံ့ခြင်း၊ မထိတထိ တို့ထိဆော့ကစားခြင်း၊ ယုယငြင်သာစွာ ကိုင်တွယ်ပြုမူခြင်း၊ ချစ်ခင် မြတ်နိုးသော ဆောင်ရွက်မှု များ၏ မည်သည့် ကိစ္စကို မဆို ဆောင်ရွက်ခြင်း၊ လိင်တံကို ရွရွလေး ဖြစ်အောင် မနာကျင်စေဘဲ တို့ထိဆော့ကစားခြင်း စသည်ဖြင့် မိမိနှစ်သက် လိုလားသလိုဆောင်ရွက် နိုင်သည်။

အကောင်းဆုံးသော အခြားနည်း တစ်ခုမှာ နှိပ်နယ် ပွတ်သပ်ပေးခြင်း ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းသည် အမျိုးသား၏ ခန္ဓာကိုယ်မှ ဟိုမုန်းများကို နိုးကြား ထကြွလာစေပြီး ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှု များလည်းကောင်းမွန်လာမည့် အပြင်ချစ်ခင် ရင်းနှီးမှုလည်း ပိုမိုရရှိလာစေမည် ဖြစ်သည်။ နှိပ်နယ်မှု လုပ်ဆောင်ခြင်းကို လိင်ဆက်ဆံစဉ် ကာလအတွင်း ဆောင်ရွက်ခြင်းကိုမူ လုံးဝ ရှောင်ကြဉ်ရမည် ဖြစ်သည်။

ထိုသို့ နိုးကြားအောင် ပြုလုပ်ခြင်းဖြင့် ဆက်ဆံမှုများ ပြုလုပ်ပြီး ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အတော်ကြာကြာတွင် သင်၏ လိင်တံမှာ မာကြောတောင့်တင်းမှု အပြည့်ဖြင့် လွယ်ကူစွာ ပြန်လည်ဆက်ဆံ လာနိုင်သည်ကို တွေ့ရမည် ဖြစ်ပြီး ယခင်က စိုးရိမ်ခဲ့သော လိင်တံ မတောင့်တင်းသည့် ကိစ္စများသည် မေ့ဖျောက်နိုင်ကြောင်း သိလာရပေမည်။

အကယ်၍ အမျိုးသားသည် ပုံမှန်ဆက်ဆံနေသော လိင်ဆက်ဆံဖေါ် မဟုတ်ဘဲ အခြားသော လိင်ဆက်ဆံဖေါ်ပြောင်းလဲ မှုများ ရှိနေပါက မိမိ၏ အခက်အခဲ ပြဿနာများကို ကူညီနိုင်မည့် အထောက်အပံ့ ရရှိနိုင်စေရန် အနည်းငယ် အခက်အခဲ ရှိနိုင်ပေသေးသည်။ အမျိုးသား အတော်များများ၏ ပြောကြားချက်အရ စိုးရိမ်သောကများ ခြင်းသည် လိင်ဆက်ဆံခြင်းအပေါ် အထမမြောက်စေသော ကိစ္စတစ်ခုအဖြစ် ပြောကြားလေ့ရှိကြသည်။ ထိုစကားများ၏ အဖြေမှာ မိမိကိုယ် မိမိတစ်ကိုယ်ရေ ဖျော်ဖြေမှုများ အလွန်အကျွံ ဆောင်ရွက်ခဲ့ခြင်းများသည် စိုးရိမ်သောက များကို လိင်ဆက်ဆံစဉ်တွင် မလွဲမသေ ကြုံတွေ့ရနိုင်သည်။

အထူးအဆန်းကို နှစ်သက်တတ်သော အမျိုးသား တစ်ယောက်အနေဖြင့် မိမိနှစ်သက်တတ်သော လိင်ဆက်ဆံမှု ပုံသဏ္ဍန်များ မိမိကြိုက်နှစ်သက်သော နှိုးဆွမှု ပုံစံများကို အတူဆက်ဆံမည့် လိင်ဆက်ဆံဖေါ်အား ကြိုတင် အသိပေးပြောကြား ထားခြင်းသည် မိမိလိုချင်သော အခြေအနေ စိတ်ကျေနပ်မှုကို ရရှိစေရန်အတွက်လည်း အထောက်အပံ့ ပေးစေနိုင်သည်။

အမျိုးသမီး အတော်များများသည် အမျိုးသား လိင်တံ မတောင့်တင်းခြင်းအပေါ် အလွန်အကျွံ အာရုံစိုက်မှု မရှိဘဲ အမျိုးသားမှ ရှင်းပြနေသည့် တိုင်အောင် များစွာ အကျိုးအပြစ် ဝေဖန်လိုခြင်းလည်း မရှိကြပေ။ အမျိုးသမီးများ၏ အဓိက လိုအပ်ချက်မှာ ရင်းနှီးပွင့်လင်းမှုနှင့် စိတ်ကျေနပ်မှု များကို အချိန်ကြာကြာ ရယူနိုင်ခြင်းကိုသာ အလိုရှိကြပြီး အမျိုးသား အနေဖြင့် ကျောက်စိုင်ကျောက်ခဲ ကဲ့သို့ မာကျောသော လိင်တံမရှိသည့်တိုင် သူမ ကျေနပ်နိုင်သည့် အချိန်ကာလ တစ်ခုသာ ရရှိမည်ဆိုပါက နှစ်သက် ကျေနပ်တတ်ကြစမြဲ ဖြစ်သည်။

အချက်တစ်ချက် အနေဖြင့် အမျိုးသမီး၏ လိင်အင်္ဂါကို နှိုးဆွခြင်းပြုရာတွင် လိင်တံဖြင့် ဆက်ဆံခြင်းအပြင် အခြားထိရောက်သော နည်းလမ်းများဖြင့် ကျေနပ်စေရန် ပြုလုပ်ပေးနိုင်သည့် နည်းလမ်းများစွာလည်း ရှိသေးသည်။

အမျိုးသားများ အနေဖြင့် လိုလားသော ချစ်ခင် မြတ်နိုးစိတ်သည်လည်း လိင်ဆက်ဆံရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည့် လှုံ့ဆော်မှုထဲတွင် ပါဝင်သည်။

လိင်တံတောင်းတင်းခြင်းကို အနှောင့်အယှုက်ဖြစ်စေတတ်သော သတိပြုရမည့် အချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။

အရက်အလွန်အကျွံသောက်သုံးခြင်း။ ။ ယမကာ မှီဝဲရာရတွင် အမျိုးသားတစ်ယေက် အနေဖြင့် တစ်နေ့တာအတွက် ဘီယာ ခြောက်ခွက် (သို့) ဖန်ခွက်ငယ်ဖြင့် ၀ိုင်ခြောက်ခွက် ထက် ပိုမိုမသောက်သုံး သင့်ပေ။ အရက် သို့မဟုတ် ဘီယာကို နေ့စဉ် မှီဝဲတတ်သူ ဖြစ်ပါက တစ်ပတ်လျင် နှစ်ရက်ခန့် အရက်လုံးဝ မသောက်သော နေ့များအဖြစ် သီးခြား သတ်မှတ် ထားသင့်သည်။

ဆေးလိပ်သောက်သုံးခြင်း။ ။ ဆေးလိပ် သောက်သုံးခြင်းသည် အမျိုးသားများအတွက် လိင်စိတ် ကျဆင်းမှုကို ဖြစ်စေတတ်သော အရေးအကြီးဆုံး နှင့် အဓိက အကျဆုံး အကြောင်းအရင်း တစ်ရပ်ပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန် လျော့ချရန် ကြိုးစား နေသူများသည် သွေးလည်ပတ်မှု အခက်အခဲများ ဖြစ်ပေါ်လာပြီးနောက် လိင်အင်္ဂါများသို့ သွေးပို့လွှတ်မှု ကောင်းမွန်သော အခြေအနေများကို အနှောင့် အယှုက်ဖြစ်စေသည့် ပြဿနာများ ဖြစ်ပေါ် လာစေနိုင်သည်။ အသက် လေးဆယ်ကျော်နေသော အမျိုးသားများ အနေဖြင့် လိင်စိတ် ကျဆင်းမှုများ ဖြစ်ပေါ်ခြင်းကို အများဆုံး မြင်တွေ့ရလေ့ ရှိပြီး ၄င်း အခြေအနေများကို ကျော်လွှားရန် အတွက် ဆေးလိပ်သောက်ခြင်းကို ဦးစွာ စွန့်လွှတ်ရမည် ဖြစ်သည်။

မိမိ၏ ဆရာဝန်နှင့် တိုင်ပင်ပြီး အမျှင်ဓါတ်ကြွယ်ဝသော အစားအစာနှင့် အဆီနည်းသော အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာသော ဘ၀သစ်ကို ရနိုင်မည်ဖြစ်သည်။ ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းသည်လည်း လိင်ဆက်ဆံမှု၏ အကောင်းဆုံး အကျိုးအကျေးဇူးများကို ဖြစ်စေသော အထောက်အကူ တစ်ခုပင် ဖြစ်သည်။

လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း။ ။လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း ဆိုရာ၌ စက်ဘီစီး အားကစား ကဲ့သို့ ခွန်အား စိုက်ထုတ်ပြီး စီးနင်းသော စက်ဘီးများကို စီးခြင်းဖြင့် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် စက်ဘီး ထိုင်ခုံသည် အလွန် ကျဉ်းမြောင်းပြီး မာကျောလွန်းသည့် ထိုင်ခုံအမျိုးအစားကို လုံးဝ ရှောင်ကျဉ်ရမည်။ မာကျောသော စက်ဘီးထိုင်ခုံများသည် အမျိုးသား လိင်အင်္ဂါ၏ အဓိက သွေးလွှတ်ကျောများကို ပျက်စီးစေနိုင်ပြီး အကျိုးဆက်အဖြစ် လိင်တံ တောင့်တင်းလာခြင်း မရှိတော့သည်များကိုပါ ကြုံတွေ့ရနိုင်သည်။

စိုးရိမ်ပူပန်မှုများခြင်း။ ။ လိင်ဆက်ဆံမှု ပြဿနာများ၏ အဓိက အရင်းအမြစ်မှာ စိုးရိမ်ပူပန်မှုများမှ စတင်လာခြင်း ဖြစ်သည်။ အမျိုးသား တစ်ဦးအနေဖြင့် တောင့်ခံထားရခြင်း သို့ မဟုတ် စိုးရိမ် ထိပ်လန့်နေရခြင်းသည် လိင်ဆက်ဆံခြင်း၏ သာယာသော ဘ၀ကို အဆိုးရွားဆုံး ထိခိုက်လာမည် ဖြစ်သည်။ ထိုကဲ့သို့သော အချိန်များကို ကြုံတွေ့နေရပါက အကောင်းဆုံးမှာ သက်တောင့်သက်သာ ရှိစွာဖြင့် မိမိအိပ်ယာပေါ်တွင်ထက် အခြားလွတ်လပ်သော နေရာတွင် အနားယူပြီး ပုံမှန်အနေအထား ရောက်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ပဋိဇီဝဆေးဝါး ပုံမှန်သုံးစွဲနေရခြင်း။ ။လိင်တံ မတောင့်တင်းသည့် ပြဿနာ ကြုံတွေ့ခံစားနေရသည့် ကာလ ၃ လထက် ကျော်လွန်ပါက မိမိတွင် ပုံမှန် သောက်သုံး နေရသော ဆေးဝါးများ ရှိနေပါလျင် ထိုဆေးဝါးများ အားလုံးကို ယူဆောင်သွားပြီး အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေး တိုင်ပင် သင့်သည်။ ဆေးဝါးများ သောက်သုံးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဟိုမုန်းပြောင်းလဲမှုများကို အကျိုး သက်ရောက်စေခြင်းများ ဖြစ်စေသည့် အတွက် ၄င်းအချက်ကို တတ်သိနားလည်သော ဆရာဝန်များမှ ကြည့်ရှုပေးခြင်းဖြင့် အဖြေမှန်ကို သိ၇ှိနိုင်မည် ဖြစ်ပြီးလိင်တံ မတောင့်တင်းခြင်းသည် အခြားသော ကျန်းမာရေး အချက်ပြ သင်္ကေတအဖြစ် နှလုံးရောဂါနှင့် အခြား သက်ဆိုင်ရာ ရောဂါများ ရှိမရှိ စစ်ဆေး သိရှိနိုင်သည်။ လိုအပ်ပါက အထူးကု ဆရာဝန်၏ ညွန်ကြားချက်ဖြင့် ဆီးစစ်ခြင်းများကိုပါ ပြုလုပ်သင့်သည်။ သက်ဆိုင်ရာ နယ်ပယ်များတွင် ကျွမ်းကျင်သူများ၏ ကုသမှုများကို ထိရောက်စွာ ရယူနိုင်မည် ဖြစ်သည်။

ကာမနိုးကြားစေသည့် ဆေးဝါးများ ပုံမှန်သုံးစွဲနေရခြင်း။ ။ အမျိုးသား အချို့မှာ ဆီးကျိတ်ခွဲစိတ်ထားသူများ သို့မဟုတ် ကျောရိုးဒဏ်ရာ ရရှိ ထားသူများသည် ကာမ ဆန္ဒအတွက် ကာမနိုးကြားဆေး ( Viagra ) များကို ပုံမှန်သုံးစွဲနေရသူများ ဖြစ်ပြီး ဆေး၏ ဆိုးကျိုးများအဖြစ် နှလုံးခုန်မြန်စေခြင်းနှင့် နှလုံးနှင့် ပတ်သက်သော ရောဂါ အတော်များများကို ဖြစ်ပေါ်စေတတ်သည်။

ဆရာဝန်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း။ ။ လိင်တံ မတောင့်တင်းသော ကာလ အတိုင်းအတာ တစ်ခုအထိ ကျော်လွန်လာပါက ဆရာဝန်ဖြင့် တွေ့ဆုံခြင်းသည် အရေးကြီးသော ကုသမှု တစ်ရပ်ဖြစ်ပြီး ဆရာဝန်မှ အမျိုးသား၏ ခန္ဓာကိုယ်နှင့် သင့်တော်သည့် ဟိုမုန်း အားတိုးဆေးများကို ချိန်ဆပေးမည် ဖြစ်ပြီး အခြားကုသမှု များနှင့်အတူ ကာလတစ်ခု အတွင်း မိမိလိုချင်သော လိင်တံ တောင့်တင်းသည့် အနေအထားကို ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။ ထိုက်သင့်သော သွေးစစ်ဆေးခြင်းများမှ ဟိုမုန်း ပမာဏ တိုင်းတာခြင်းများ ပြုလုပ်ပြီးသင့်တော်သော ကုသမှုများကို ခံယူသင့်သည်။ ယခုအခါ ဟိုမုန်း ပမာဏ နိမ့်ကျနေသူများ အတွက် ဆီးလမ်းကြောင်း အတွင်းသို့ ဆေးဝါးတစ်ချို့ ထည့်ပေးခြင်းဖြင့် ဆီးသွားပြီးပါက လိင်တံတောင်းတင်းသော အနေအထားသို့ ရောက်ရှိ လာနိုင်အောင် ကုသပေးနိုင်ပြီ ဖြစ်သည်။ ထိုသို့ ဆေးဝါး သုံးစွဲထားပါက ငါးမိနစ်မှ ဆယ်မိနစ်အထိ လိင်တံတောင့်တင်းနေစေခြင်းဖြင့် လိင်ဆက်ဆံမှု ပြီးဆုံးသည့်တိုင် ဆက်လက် စွမ်းဆောင် သွားနိုင်မည် ဖြစ်သည်။

ကိရိယာ တန်ဆာပလာများ အသုံးပြုခြင်း။ ။ လေပြွန်များကို လိင်တံတွင် တပ်ဆင်ပြီး ရှေ့တိုးနောက်ငင် ပြုလုပ်၍ သွေးလွှတ်ကြောများကို နိုးကြား စေအောင် ပြုလုပ်သောနည်းကို ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် အားလျော်စွာ အတော်များများလည်း သုံးစွဲနေကြလေ့ ရှိသည်။

သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း။ ။အာရုံကြော တစ်ရှူးများ ကို ထိခိုက်စေတတ်သော ဖျားနာမှုများ ခံစားရပါက အဖျား မတာရှည်အောင် အလျင်အမြန် ကုသရမည်။ အာရုံကြောများ၏ ထိခိုက်မှုသည် လိင်တံ တောင့်တင်းမှု ရှိခြင်း၊ မရှိခြင်းနှင့် တိုက်ရိုက်ဆက်သွယ်လျက် ရှိသည်။ စတီးရိုက် ပါသော ဆေးဝါးများကို သုံးစွဲခြင်း၊ သွေးအလွန်အကျွံ မတိုးစေရန်လည်း ဂရုစိုက်ထိန်းသိမ်း သင့်သည်။ စိတ်ကျရောဂါ ဖြစ်ပေါ်သောအခါ သောက်သုံးရသော ဆေးဝါးများသည် လိင်တောင့်တင်းမှုကို အနှောင့်အယှုက် ဖြစ်စေသဖြင့် စိတ်ကျခြင်း မဖြစ်ရအောင် ဂရုစိုက်နေထိုင်ရမည်။

အထူးသတိပြုရန် အချက်အဖြစ် လိင်ဆက်ဆံ ခါနီးတွင် လိင်တံ မတောင့်တင်းပါက "င့ါကို မချစ်လို့ဘဲ၊ ငါမလှလို့ဘဲ၊ ငါက လိင်မှုရေးရာနဲ့ ပတ်သက်လို့ ဆွဲဆောင်မှု မရှိလို့ဘဲ" ဟု မိမိ၏ လိင်ဆက်ဆံဖေါ်က အထင်ရောက်သွားမည်ဟု အမျိုးသားတို့ အစိုးရိမ် လွန်တတ်ခြင်းမှာလည်း မှားယွင်းမှု တစ်ခုသာဖြစ်ကြောင်း နှင့် မိမိ၏ လိင်ဆက်ဆံဖေါ်အား အကောင်းဆုံး ရှင်းပြပြီး ဆက်ဆံဖေါ် စိတ်ကျေနပ်မှု ရရှိစေရန်အတွက် စွမ်းဆောင်ပေးနိုင်သော အခြားနည်းများဖြင့် ကာမသုခ အရသာများကို ဖြည့်စွမ်းခြင်းဖြင့် နှစ်ဦးသား ပြေလျော့သော ခံစားမှုကို ရရှိ နိုင်ပေ သေးသည်။


မှတ်ချက်။ ။ MMDailyNews မှ ကူးယူတင်ပြထားပါသည်။
kaunglay
kaunglay
ကြီးကြပ်သူ
ကြီးကြပ်သူ

Posts : 46
Join date : 2011-02-27
Age : 40
Location : Yangon

Back to top Go down

ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ... Empty Re: ကာမဆန္ဒရှိနေသော်လည်း လိင်တံ မတောင့်တင်းခြင်းကို ဘယ်လို ကာကွယ်/ ဖြေရှင်း မလဲ...

Post  moetcl Fri Sep 02, 2011 11:52 am

gooc post ..................
thanks for sharing...................
Very Happy Very Happy Very Happy Very Happy Very Happy

moetcl
ပေါက်စလေး
ပေါက်စလေး

Posts : 1
Join date : 2011-09-02

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum