မြန်မာ sex
Would you like to react to this message? Create an account in a few clicks or log in to continue.

(ကွန်ဒုံး) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု

Go down

(ကွန်ဒုံး) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု Empty (ကွန်ဒုံး) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု

Post  kaunglay Thu Apr 21, 2011 10:27 am

(ကွန်ဒုံး) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု


ကွန်ဒုံးဟာ အလွယ်တကူ ပေါက်ပြဲနိုင်ပါသလား။ မည်သို့သော အခြေအနေတွေမှာ ပေါက်တက် ပါလဲ။ ကွန်ဒုံးဟာ ရောဂါပိုးကို 98% ကာကွယ်နိုင်တာဆိုတာ ဟုတ်ပါသလား။

လိင်ဆက်ဆံမှုပြုတိုင်း Latex condom ကို စနစ်တကျ သုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံး နည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့ အစည်းတွေက ထောက်ခံချက် ပေးထားတယ်။

(ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။ ကိုယ်ဝန်ရမှာကို တားဘို့နဲ့ HIV အပါ အ၀င် STD လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ ရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) ရောဂါမှန်သမျှတွေကို ကူးစက်မလာစေဘို့ ဖြစ်တယ်။ Genital warts လိင်လမ်း ကြွက်နို့ နဲ့ Genital herpes လိင်လမ်း ရေယုံတွေကိုတော့ မကာကွယ်နိုင်ဘူးလို့ ဆိုတာလဲ ရှိသေး ပါတယ်။

(ကွန်ဒွမ်) ကို အသုံးပြုနည်းလဲ မှန်ရမယ်။ သုံးတာလဲ စဉ်ဆက် မပြတ်စေရဘူး။ နည်းအမှန် ဆိုတာ ဘာလဲ။ တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ကွန်ဒွမ်) ကို (ဗဂျိုင်းနား-ပါးစပ်-စအို) နဲ့ ထိစပ်မှု မရှိသေးခင် ကျားအင်္ဂါ သန်မာတာနဲ့ စွပ်ရမယ်။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အဖျားကို လက်နဲ့ ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးပေးပါ၊ လေ မခိုစေအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ (ထွက်လာမဲ့ သုတ်ရည်နေစရာ) နေရာကျန်နေအောင် ဂရုစိုက်ပါ။ ဒီနေရာက လွဲရင် လိင်တံ တခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေအောင် ရှိပါစေ။

Latex condoms ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် Water-based lubricants ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံး ဖြစ်တယ်။ ဆီအခြေခံ Oil-based lubricants, Petroleum jelly, Vaseline (ဗက်ဆလင်း)၊ Hand lotion, Baby oil ကအစ တခြား ဘယ်ဆီ အမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant က အ၀တ်အစားကို စွန်းထင်း စေတယ်။

ဆန္ဒ ပြည့်ဝလို့ Ejaculation သုတ်ရည် ထွက် ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မရောက်ခင် (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့ အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မအင်္ဂါထဲ ကျွတ်ကျန် မနေစေပါနဲ့။ တယုတယ ကိုင်ပြီး ချွတ်ပါ။

၉၈% ထိရောက်တယ်လို့ ဆိုတာရှိတယ်။ Failure rate မထိရောက်မှု (ကိုယ်ဝန် မတားနိုင် တာ၊ ရောဂါ မတားနိုင်တာ)၊ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေ မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ် သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင်ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့် စဉ်းစားရတယ်။

ဆေးတွေလိုဘဲ သတ်မှတ်ရက် ကုန်နေ-မနေ၊ အစက ကောင်းနေအုံးတော့ အပူချိန်များတဲ့ နေရာ ထားမိတာ၊ စွပ်-ချွတ် တဲ့အခါ နည်းမမှန်တာ၊ သွား-လက်သည်း-လက်စွပ် နဲ့ ထိပြီး ပေါက်တာ၊ မသုံးရမဲ့ ဆီသုံးမိတာ၊ လိုတာထက် အားသုံးမိလို့ ပေါက်ပြဲတာ၊ စတာတွေ စဉ်းစား ရအုံးမယ်။

အရည်အသွေးက အရေးပါတယ်။ ခပ်ညံ့ညံ့ နိုင်ငံတွေမှာ ခပ်ညံ့ညံ့ လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များတယ်။ အမေရိကားမှာ Food and Drug Administration (FDA) က အသိအမှတ်ပြုမှ ရောင်းခွင့်ရှိတယ်။ ဥရောပမှာတော့ CE Mark ပါရတယ်။ တကမ္ဘာလုံးမှာ ဆိုရင် International Organization for Standardization (ISO) အမှတ်ပါမှ စိတ်ချနိုင် တယ်။ UK (ယူနိုက်တက်-ကင်းဒမ်း) မှာ ဒါမျိုးတွေ မပါပေမဲ့ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ် ဆိုတာ သတ်မှတ်ပေးထားပါတယ်။

ယမုန်နာ-ဆေးခန်းမှာ UNHCR partner organization က ရတာရော၊ ၀ယ်လို့ရတာရော အိန္ဒိယလုပ် (ကွန်ဒွမ်) တွေ အလကား ပေးနေတယ်။ ရှက်နေကြမှာ စိုးလို့ ဆရာဝန်ဆီအထိ မလာရအောင် ဆရာမတွေကို အာဏာကုန် လွှဲထားတယ်။ (ကွန်ဒွမ်) ကိုလဲ CD လို့ အခေါ် ခိုင်းတယ်။ ဒီလို စီစဉ်ထားတာတောင် မကုန်နိုင်ဘူး။ စားသုံးသူတွေက အရည်အသွေးကို သိပ်အလိုမကျလို့။ ကံကောင်းတာက မနေ့-တနေ့ကတင် (ဗီယန်နာ) က စေတနာရှင် တဦးကနေ သြစတြီးယား လုပ် (ကွန်ဒွမ်) တွေ တကူးတက လှမ်းပို့ ပေးတယ်။

အမျိုးအစားမှာ အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှု မရှိပါ။ Latex condom ကို အများဆုံး သုံးတယ်။ သူနဲ့ မတည့်သူတွေက Polyurethane Condom သုံးရတယ်။ Female Condom အမျိုးသမီးသုံးလဲ ရှိတယ်။ Polyurethane နဲ့ လုပ်ထားတာပါ။ ကွင်း ၂ ခုပါတယ်။ Invisible Condom မမြင်နိုင်တဲ့ (ကွန်ဒွမ်) ဆိုတာ ကနေဒါမှာ ထုတ်လုပ်ဘို့ ကြိုးစားနေတယ်။ အရည်တမျိုးကနေ Barrier gel ဖြစ်လာစေပြီး အကာကွယ် လုပ်ပေးမှာမျိုး ဖြစ်တယ်။ ရောဂါပိုးတွေကိုရော သုတ်ပိုးကိုပါ သေစေမယ်။ Spray on Condom ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေး ပါတယ်။ Foam ဒါမှမဟုတ် Cream အနေနဲ့ သုတ်ထား ပေးတာမျိုး။ ကိုယ်ဝန် မရမှာကို ပိုသေခြာအောင် လုပ်တာပါ။ တချို့မှာ အနာ ဖြစ်စေ တတ်တာ တွေ့လာရတယ်။

သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင် ဘာလုပ်မလဲ။ ရောဂါကာကွယ်ဘို့ သုံးသူက အသစ် လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်း Emergency contraceptive (EC) လုပ်ရမယ်။ Morning after pill လဲခေါ်တယ်။ ကိုယ်ဝန်တားဆေး တခုခု သုံးနေသူ တွေလဲ တကယ်လို့ ကိုယ့်အဖေါ် အကြောင်း မသိရင် ရောဂါတွေ ကာကွယ်ဘို့ (ကွန်ဒွမ်) ကိုပါ သုံးရပါမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် ဘာလုပ်မလဲ။ Antiviral therapy ဆေး သောက်ရပါမယ်။

လိင်လမ်းတမျိုး (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း (စအို) အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့နဲ့ Group အုပ်စုလို အဆန်းအပြား ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက် အသစ်ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပစ်တဲ့အခါ တစ်ရှူးနဲ့ပတ်ပြီး၊ Bin အမှိုက်ပုံးထဲ ပြစ်ပါ။ Toilet ထဲ မပြစ်ရပါ။ Biodegradable မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ (၆-၉-၂၀၁၀)

kaunglay
kaunglay
ကြီးကြပ်သူ
ကြီးကြပ်သူ

Posts : 46
Join date : 2011-02-27
Age : 40
Location : Yangon

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum