မြန်မာ sex
Would you like to react to this message? Create an account in a few clicks or log in to continue.

For smooth sensation when having sex

Go down

For smooth sensation when having sex Empty For smooth sensation when having sex

Post  Myanmar Sex Tue Mar 15, 2011 11:08 pm

အရွယ်ရှိစဉ်မှာ (ဗဂျိုင်းနား) ကို ဖုံးထားတဲ့ အရေပြားဟာ ပြည့်ဖေါင်း၊ နီရဲ (ပန်းရင့်ရောင်)၊ ရှိပြီး၊ အမြဲလို စိုစွပ်နေတယ်။ ကြုံ့နိုင်-ဆန့်နိုင်တယ်။ လိင်စိတ်ရှိလာချိန်မှာ ပိုပြီး စွပ်စိုလာတာက (ဗဂျိုင်းနား) အ၀၊ အတွင်းကရှိတဲ့ Bartholin's glands ဆိုတဲ့ အကြိတ်နှစ်ခုကနေ အရည် ထွက်ပေးလို့ပါ။ မ-ဟော်မုန်း နည်းလာတာနဲ့အမျှ အဖုံးလွှာက ပါး၊ ဖြူ(ဖြူပြာ)၊ ခြောက်လာတယ်။ ကြုံ့နိုင်-ဆန့်နိုင်စွမ်းပါ နည်းလာတယ်။ သွေးဆုံးချိန်မှာ ဒီလိုဖြစ်လာတာ ပုံမှန်ဖြစ်စဉ်ပါ။ Vaginal atrophy (ဗဂျိုင်းနား) သေးကြုံ့တဲ့ရောဂါလို့ ခေါ်တယ်။

မ-ဟော်မုန်း Estrogens ဆိုတာ မျိုးဥအိမ် Ovaries တွေကနေ ထုတ်ပေးတာဖြစ်တယ်။ သူ့အစွမ်းကြောင့် မိန်းကလေးဟာ ရင်သား ဖွံ့ထွားလာစေတယ်၊ ကိုယ်ခန္ဓာပုံပန်းကလည်း ငါးရံ့ကိုယ်ဖြစ်လာစေတယ်။ ကိုယ်က မွှေးညှင်းလေးတွေကိုလဲ ချောနုလာစေတယ်။ ရုပ်သွင်ကို သာမက လစဉ်ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာတို့အတွက်ကိုလဲ လုပ်ပေးတယ်။

မွေးလမ်းကြောင်းခြောက်တာက သွေးဆုံးတာနဲ့ မဆိုင်ဘဲလဲ ဖြစ်တတ်ပါတယ်။ ကလေးဖွါးပြီးချိန်၊ စိတ်ဖိစီးမှုများချိန်နဲ့ ကိုယ်ဝန်တားဆေး တချို့ကြောင့်လည်း ဖြစ်နိုင်တယ်။ ခြောက်နေရင် ပူစပ်နေတာကိုတော့ ခံစားရတတ်တယ်။ မလိုဘဲနဲ့တော့ ဆေးကုစရာမလိုပါ။ သွေးဆုံးသည်ဖြစ်စေ မဆုံးသည်ဖြစ်စေ ကျား-မ ဆက်ဆံချိန်မှာ ပြဿနာရှိလာတာ (နာတာ-ခြောက်တာ) ဆိုရင် ကုပါ။ ကုနည်း အမျိုးမျိုး ရှိတယ်။

ဟော်မုန်းပေးကုတာကို (HT) ခေါ်တယ်၊ (PHT) လဲခေါ်တယ်၊ (HRT) လို့လဲ ခေါ်တယ်။ အထူးလိုတာမို့ အထူးကုနဲ့သာ ကုသင့်တယ်။ အခက်ကြီးတော့ မဟုတ်ပါ။ စားဆေးနည်းရော ဆေးထည့်နည်းရော ရှိတယ်။ Vaginal estrogen ring ဆေးကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြား၊ အမျိုးများတယ်။ Estriol Cream BP (Evalon Cream) ကို OG ကညွှန်လို့ သုံးခါစမှာ သကြားနဲ့ဆား မှားတာကို လူနာတယောက် ကြုံရဘူးတယ်။ အစသာ ဖြစ်တာပါ။

(KY jelly) (ဂျယ်လီ) က အများဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်တယ်။ အရွယ်မရွေး သုံးနိုင်တယ်။ ရေနဲ့လုပ်တာ၊ ဆီမပါလို့ ဆေးရတာ လွယ်တယ်။ (ကွန်ဒွန်)ကိုလဲ မထိခိုက်စေဘူး။ (ကွန်ဒွန်) မပါဘဲလဲ သုံးလို့ရပါတယ်။ ဈေးချိုတယ်။ ၀ယ်ရတာ လွယ်တယ်။ အရွယ်အစား အမျိုးမျိုး ရောင်းတယ်။ အခါ ၅၀ လောက် သုံးနိုင်တာရော၊ ခရီးဆောင်ရော။ သုံးသူ အဆင်ပြေ၊ ရောင်းသူငွေရ။ တကယ်လို့ အမျိုးသမီးက Yeast မှိုပိုး မကြာမကြာ ရတတ်သူဆိုရင် ရိုးရိုး (ဂျယ်လီ)က (ဗဂျိုင်းနား)ရဲ့ pH အက်စစ်ဓါတ်နဲ့ မတူလို့ pH တူတဲ့ Astroglide (Silken Secrete) ကို ရှာဝယ်သင့်တယ်။ ဒီဆေးကိုတော့ Applicator နဲ့ ထည့်ရတယ်။ အတွင်းထဲထိ ထည့်ပေးနိုင်တယ်။ ဒါပမဲ့ လက်တွေ့မှာ အ၀နေရာမှာသာ ထည့်ပေးဘို့ လိုတာပါ။ ကိုယ်ခန္ဓာကို ငွေကြေးနဲ့ လဲရသူများမှာလည်း၊ အဖေါ်က မင်းသားလို ချောချော၊ ကျိကျိတက် ချမ်းသာနေနေ၊ ဘယ်စိတ်မှ လာတာ မဟုတ်လို့၊ (ဂျယ်လီ) ကိုသာ အိပ်စိုက်သုံးကြရတယ်။

နောက်တမျိုးကတော့ Vaginal moisturizer စိုစွပ်စေတဲ့ထည့်ဆေး (Yes, Sylk, Replens or Senselle, K-Y Silk-E Vaginal Moisturizer or KY Liquibeads) တွေ ဖြစ်တယ်။ ရေငွေ့ဓါတ်ပေးတဲ့သဘောပါ။

ဗီတာမင် E ကို အမျိုးသမီးတွေအတွက် ညွှန်းပါတယ်။ သောက်ဘို့သာမက capsule အတောင့်ထဲက ဆေးကို ဖေါက်ပြီး၊ အဂ်ါအထဲ ညှစ်ထည့်ပေးနိုင်သေးတယ်။ ပဌမတပါတ်မှာ နေ့စဉ် အဲလိုလုပ်ပြီး၊ နောက်ဆိုရင် တပါတ်မှ ၁ ခါ၊ ၂ ခါသာ လုပ်ဘို့ လိုတယ်တဲ့။ ဒါပေမဲ့ ဒီနည်းကို သိပ်မညွှန်းတော့ပါ။ အဆီဖြစ်လို့ (ကွန်ဒွန်)ကို ထိခိုက်နိုင်လို့။ ဗက်တီးရီးယား အခြေအနေ ပြောင်းစေနိုင်လို့ပါ

ref:Dr. Tint Swe
Myanmar Sex
Myanmar Sex
အုပ်ချုပ်သူ
အုပ်ချုပ်သူ

Posts : 49
Join date : 2011-02-17

http://forum.myanmarsex.cz.cc

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum